BASIC ELECTRONIC COMPONENTS တွေရဲ့ အခြေခံ လုပ်ဆောင်ချက်များ

Electronics ဘာသာရပ်ကို စတင်လေ့လာတော့မည့် သူတစ်ယောက် အနေနဲ့ အခြေခံ အကျဆုံးသိသင့်တဲ့ basic electronic components အကြောင်းလေးတွေကို အကြမ်းဖျင်း ဖော်ပြပေးပါမည်။



RESISTOR

Resistor ဆိုတဲ့ Component လေးကတော့ Current တွေဖြတ်သန်းစီးဆင်းတဲ့ အခါ ခုခံမှုကို ဖြစ်ပေါ်စေပါတယ်။ Resistor ကိုတော့ Circuit Board တိုင်းလိုလိုမှာ မြင်တွေ့ ရလေ့ရှိပြီး သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခု ဘဲ ဖြစ်ပါတယ်။


Resistor တစ်ခုနဲ့ တစ်ခု ခုခံနိုင်မှုစွမ်းအားလည်း မတူညီကြပါဘူး။ Resistor တွေရဲ့ ခုံခံအားကို ၎င်းတို့ရဲ့ ဘေးမှာ ရှိတဲ့ အစင်းလေးတွေ ရဲ့ အရောင်ပေါ်မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ Resistor လေးတွေရဲ့ တန်ဖိုးကိုတော့ Ohms တန်ဖိုးနဲ့ ပြပြီး တွက်ချက်မှု ဆိုင်ရာမှာတော့  Ω  ဆိုတဲ့ Symbol  လေးနဲ့ ဖော်ပြပါတယ်။ တစ်ချို့တွေ  ကတော့ ၎င်း Resistor ခံနိုင်တဲ့ Power  ပေါ်  မူတည်ပြီး watts နဲ့ဖော်ပြ တာတွေလည်း ရှိပါတယ််။

CAPACITORS

Resistor ပြီးရင် နောက်ထပ် အရေးကြီးတဲ့ Component ကတော့ Capacitor လေးဘဲ ဖြစ်ပါတယ်။ ဒီ Components  လေးရဲ့ လုပ်ဆောင်ချက်ကတော့ electronic circuits တွေမှာ electric charge တွေ ကို ယာယီသိမ်းဆည်းပေးပါတယ်။

Capacitor အမျိုးအစားတွေကတော့ အမျိုးစုံ ရှိပါတယ်။ အဲ့ဒီထဲမှာမှှအသုံးများတာကတော့ Ceramic Disk နဲ့ Electrolytic  တို့ဘဲဖြစ်ပါတယ်။ Capacitors တွေရဲ့ သိုလှောင်နိုင်စွမ်းအား Capacitance ကိုတော့ Microfarads  ဖြင့်တိုင်းတာကြပြီး Symbol အနေနဲ့ μF ဆိုပြီး ဖော်ပြကြပါတယ်။

DIODES 

Diode ဆိုတဲ့ Components လေးကတော့ Current  လျှပ်စီး​ေကြာင်းတွေကို တစ်ဖက်တည်းသို့သာ စီးဆင်းစေတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပါတယ်။ ဥပမာ ရေက မြင့်ရာကနေ နိမ့်ရာသို့ စီးဆင်းတဲ့ ပုံစံမျိုးပါဘဲ Current ကို တစ်ဖက်တည်းသို့သာ ဦးတည်စီးဆင်းစေပါတယ်။ Diode တွေမှာ Anode နဲ့ Cathode ဆိုတဲ့ Terminal လေး နှစ်ဖက်ပါဝင်ပြီး Positive voltage က Anode ဖက်ကိုရောက် ရင် Current စီးဆင်းမှု ဖြစ်ပေါ်စေမှာဘဲ ဖြစ်ပါတယ်။ Voltage ကိုပြောင်းပြန်ပေးမိရင်တော့ Current စီးဆင်းမှာ မဟုတ်ပါဘူး။



LIGHT-EMITTING DIODES

Light-emitting diode ကတော့ LED မီးလုံးလေးတွေ အဖြစ် လူသိများပါတယ်။ LED လေးတွေကလည်း Diode အမျိုးအစားတစ်မျိုးဘဲ ဖြစ်ပါတယ်။ Current ကတစ်ဖက် ကနေ တစ်ဖက်ကို စီးဆင်းစေတဲ့ အခါမျိုးမှာ  အလင်းရောင် ထွက်ပေါ်လာတာဘဲ  ဖြစ်ပါတယ်။


Transistor

Transistor ဆိုတဲ့ Device လေးမှာတော့ Three-terminal ငုတ်လေးသုံးငုတ်ပါဝင် ပြီး ၎င်း ငုတ်လေးတွေကို Base, Collector, Emitter ဆိုပြီး အမည်ပေးထားပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်လေးကတော့ Base လို့ခေါ်တဲ့ ငုတ်လေးဆီကို  Voltage ရောက်တဲ့ အခါ Collector နဲ့ Emitter ဆိုတဲ့ ငုတ်လေးတွေကနေ  Current ကို ဖြတ်သန်းစီးဆင်းစေမှာဘဲ ဖြစ်ပါတယ်။ Transistor ကလည်း အရမ်းကို အရေးကြီးတဲ့ Electronics အစိတ်အပိုင်းလေးတစ်ခုဘဲ ဖြစ်ပါတယ်။ 



INTEGRATED CIRCUITS

Integrate circuit ကိုတော့ နည်းပညာနယ်ပယ် မှာ IC လို့ခေါ်ဝေါ်ကြပါတယ်။ ၎င်းရဲ့ အတွင်းပိုင်းမှာ တော့ Transistors တွေ Diodes တွေနဲ့ အခြား ဆက်စပ် Component တွေရဲ့ လုပ်ဆောင်ချက်တွေကို စုစည်းပြီးတည်ဆောက်ထားတဲ့ Device လေးဘဲဖြစ်ပါတယ်။ IC လေးတွေကို အဲကွန်း, TV တို့လို Electronics ပစ္စည်းတွေရဲ့ Control Circuit Board တွေကနေ Computer တို့ Mobiles ဖုန်းတို့လို ပစ္စည်းတွေရဲ့ Mother Board တွေမှာက အစ ခြေထောက်လေးတွေအများကြီးနဲ့ Block တုံးသေးသေးလေးလိုပုံစံမျိုးနဲ့ မြင်တွေ့နိုင်မှာဘဲ ဖြစ်ပါတယ်။








Post a Comment

0 Comments