Resistor ဆိုတာကတော့ passive electrical component ဖြစ်ပြီး အဓိကအားဖြင့်တော့ electric current စီးဆင်းခြင်းကို အဟန့်အတား ခုခံမှု ဖြစ်အောင် လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းလေးတစ်ခုဘဲ ဖြစ်ပါတယ်။
Resistor တွေကိုတော့ Electrical, Electronic ပစ္စည်းတွေရဲ့ Circuits တိုင်းမှာ မြင်တွေနိုင်ပါတယ်။ ၎င်းရဲ့ resistance ကိုတော့ ohm နဲ့ တိုင်းတာပါတယ်။
Ohm ဆိုတာကတော့ resistor တစ်ခုကို current 1 amphere ဖြတ်သန်းသွားပြီး 1 volt ကျသွားတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ resistance ကို  1 ohm လို့ ခေါ်ပါတယ်။

လျှပ်စစ်ပတ်လမ်းတစ်ခုအတွင်းမှာ စီးဆင်းနေတဲ့ Current ဟာ ပတ်လမ်းထဲမှာ သက်ရောက်နေတဲ့ Voltage နှင့် တိုက်ရိုက်အချိုးကျပြီး resistance နှင့် ပြောင်းပြန်အချိုးကျပါတယ်။

Ohm's law ဆိုတာ နဲ့  V = I R ဆိုတဲ့ ပုံသေနည်းလေးကို သိကြမှာပါ။

သင်္ကေတပုံစံ

                                
(a) resistor
(b) rheostat
(variable resistor)
(c) potentiomenter


     
IEC resistor symbol







Resistor အမျိုးအစားများ
Resistor တွေကို အဓိက အားဖြင့် Fixed resistor နှင့် Variable resistor ဆိုပြီးအပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။

Fixed resistor အမျိုးအစားများ
  • Lead arrangements
  • Carbon composition
  • Carbon pile
  • Carbon film
  • Printed carbon resistor
  • Thick and thin film
  • Metal film
  • Metal oxide film
  • Wire wound
  • Foil resistor
  • Ammeter shunts
  • Grid resistor
  • Special varieties

Variable resistor အမျိုးအစားများ
  • Potentiometer
  • Rheostat
  • Trimpot

Physical quantity ပြောင်းလဲမှု အပေါ်မူတည် ပြီး Resistance ပြောင်းလဲနိုင်တဲ့ Resistor အမျိုးအစားများလည်းရှိပါသေးတယ်။ ၎င်း အမျိုးအစားတွေကတော့

  • Thermistors (NTC and PTC ) * Temperature ပြောင်းလဲမှု အပေါ် မူတည်
  • Photo resistor (LDR) အလင်း ပြောင်းလဲမှု အပေါ် မူတည်
  • Varistor ( VDR) * Voltage ပြောင်းလဲမှု အပေါ်မူတည်
  • Magneto resistor (MDR) * Magnetic field ပြောင်းလဲမှု အပေါ်မူတည်
  • Strain Gauges * Mechanical load ပြောင်းလဲမှု အပေါ်မူတည်

Resistor တန်ဖိုး

Resistor တစ်ခုရဲ့ Resistance တန်ဖိုးကို သိချင်တယ်ဆိုရင် သိနိုင်ဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်နည်းကတော့ ဘာကိရိယာမှ မလိုဘဲ သူ့ဘေးက Color အရောင်တွေကို ကြည့်ခြင်းဖြင့် သိနိုင်တဲ့ နည်းလမ်းပါ။ ဒီနည်းလေးအကြောင်းကို တော့ အောက် က Link မှာ အကျယ်တဝင့် ရှင်းပြထားပါတယ်။ 

ဒုတိယနည်းကတော့ multimeter နဲ့ တိုင်းတဲ့နည်းပါ။