Resistor color code ဆိုတာဘယ်လိုမျိုးလဲ

Resistor တွေရဲ့ တန်ဖိုးကို ၎င်းဘေးမှာပါတဲ့ color အစင်းပတ်လေး ဖြင့် ခွဲခြားပြထားပါတယ်။ အဲ့ဒီအစင်းပတ်လေးတွေကို band လို့ခေါ်ပါတယ်။ အစင်းပတ်သုံးခု ပါတဲ့ Resistor ဆို 3 band resistor လို့ ခေါ်ပြီး အစင်းပတ်လေးခုပါတဲ့ resistor ကိုတော့ 4 band resistor လို့ခေါ်ပါတယ်။  1 watt ထက်ပိုတဲ့ lead resistor တိုင်းမှာ color အစင်းလေးတွေကို မြင်တွေ့နိုင်ပါတယ်။ အဲ့ဒီအရောင်သတ်မှတ်ချက်တွေကတော့ IEC 60062 standard အရ သတ်မှတ်ထားကြတာပါ။ Resistor တစ်ခုနဲ့ တစ်ခုရဲ့ color အစင်းလေးတွေပါဝင် တာတွေကလည်း မတူညီကြပါဘူး။ အဲ့ဒီ color အစင်းလေးတွေကို ကြည့်ချင်းအားဖြင့် သိနိုင်တာတွေကတော့ resistor ရဲ့ တန်ဖိုး၊ သူ့ရဲ့ tolerance နှင့် တစ်ချို့တွေမှာ ဆို ယုံကြည်ရနိုင်မှု နှုန်း နဲ့ ပျက်စီးနိုင်မှု နှုန်းတွေကိုပါ သိနိုင်ပါတယ်။ resistor အမျိုးအစားပေါ် မူတည်ပြီး 3 band ကနေ 6 band လောက်ထိရှိ ကြပါတယ်။ 

ပြီးတော့ tolerance ဆိုတဲ့့စကားလုံးလေးကို အကျယ်ရှင်းပြပါမယ်။ သူကတော့ resistor တွေရဲ့ resistance တန်ဖိုး မှားနိုင်ခြေ error ကို ဖော်ပြပေးတဲ့ တာဘဲ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် 220 Ω တန်ဖိုး ရှိတဲ့ resistor တစ်ခုမှာ tolerance အနေ နဲ့ Silver band နဲ့ ဆုံးထားတယ် ဆိုရင် Tolerance value ကိုရှာမယ်ဆို 220 x 10% = 22 Ω ဘဲဖြစ်ပါတယ်။ ဆိုတော့ resistor ရဲ့ တန်ဖိုးက 220 Ω ဆိုသော်ငြားလည်း သူ့ရဲ့ မှားနိုင်ခြေက + or - 22 Ω ဖြစ်တဲ့ အတွက် 198 Ω ကနေ 242 Ω အတွင်း ရှိ တန်ဖိုး တစ်ခုခု ဖြစ်နိုင်တယ် ဆိုပြီး မှတ်ယူရမှာ ဘဲ ဖြစ်ပါတယ်။ Tolerance အကြောင်းကို အောက်မှာ resistor color code ဆက်ဖတ်ကြည့် ရင် ရှင်းသွားပါလိမ့်မယ်။

Resistor color code chart

အောက်က ဇယားလေးမှာ ကြည့်ပြီးတော့  resistor ရဲ့ resistance နဲ့ tolerance value တွေကို ဆုံးဖြတ်နိုင်မှာဘဲ ဖြစ်ပါတယ်။ မြန်မာလို အလွယ်တကူကျက်ထားမယ်ဆိုရင်တော့ 

  • ညို တစ် 
  • နီ နှစ်
  • မော် သုံး
  • ဝါ လေး
  • စိမ်း ငါး
  • ပြာ ခြောက်
  • ရမ်း ခုနှစ်
  • ခိုး ရှစ်
  • ဖြူ ကိုး လို့မှတ်ထားရင် resistor မြင်တာနဲ့ အလွယ်တကူ color code ဖတ်နိုင်မှာ ဘဲ ဖြစ်ပါတယ်။





4 band resistor

4 band resistor


4 band resistor ကတော့ အသုံးအများဆုံး resistor အမျိုးအစားတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီ resistor အမျိုးအစားကို ထိပ် နဲ့ ဘိတ် ကို အရင်ဆုံး ခွဲရပါမယ်။ ပထမဆုံး အနေနဲ့ သူတို့ရဲ့ ထူးခြားချက်က နောက်ဆုံး band တွေက ရွှေရောင် မဟုတ်ရင် ငွေရောင်နဲ့ ဆုံး တာပါ။ ပြီးတော့ သူ့ရဲ့ တတိယမြောက် band နဲ့ နောက်ဆုံး band ကြားမှာလည်း တခြား band တွေနဲ့ မတူဘဲ နည်းနည်းလေး ပိုဝေး နေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ အဲ့ဒါဆို ရင်တော့ 4 band resistor ကို ကြည့်လိုက်တာနဲ့ ဘယ် band က စဖတ်ရမလဲ ဆိုတာ ရလောက်ပါပြီ။

စဖတ်တော့မယ်ဆို ပထမဆုံး နဲ့ ဒုတိယမြောက် band ကို Significant value လို့ခေါ်ပြီး အပေါ်က ဇယားထဲက significant figures ဆိုတဲ့ အကွက်ထဲ က တန်ဖိုးနဲ့ တိုက်ယူ ရမှာဘဲ ဖြစ်ပါတယ်။ အခု ဥပမာ ပြထားတဲ့ ပုံထဲ က resistor ဆို ရင် ပထမဆုံး band အရောင် က အစိမ်းရောင် ဖြစ်တဲ့ အတွက် သူ့ရဲ့ significant value က 5 ပါ။ ဒုတိယ band က အပြာရောင်ဆိုတော့ Significant value က 6 ပါ။ 

အခု နောက်တစ်ဆင့် အနေနဲ့ တတိယမြောက် band ကိုကြည့်ပါ။ သူ့ ကို တော့ multiplying factor လို့ ခေါ်ပြီး အပေါ်က ဇယားရဲ့ Multiply ဆိုတဲ့ အကွက်ထဲ ကတန်ဖိုးကို ယူတွက်ရမှာပါ။ ပုံပါ resistor ရဲ့ တတိယမြောက် band အရောင် က အနီရောင် ဖြစ်တဲ့ အတွက်  x 100 ဆို တဲ့ သဘော ဖြစ်သွားပါတယ်။ 

အဲ့ ဒါဆို Resistor ရဲ့ resistance တန်ဖိုးကို လိုချင်ရင် 
r = ပထမဆုံး band တန်ဖိုး ဒုတိယမြောက် band တန်ဖိုး x တတိယမြောက် band တန်ဖိုး 
r = 5 6 x 100 = 5600 Ω 

ပြီးပြီဆိုရင်တော့ သူ့ရဲ့ နောက်ဆုံး band ဖြစ်တဲ့ ရွှေရောင် ကို ဇယား ရဲ့ Tolerance အကွက်ထဲမှာ ကြည့်ပါ။ ရွှေရောင် ရဲ့ တန်ဖိုးက 5% ဖြစ်တဲ့ အတွက် အပေါ်က tolerance တွက်ပြထားတဲ့ နည်းအတိုင်းဆို သူ့ရဲ့ တန်ဖိုးက 5320 နှင့် 5880 Ω ကြားမှာ ရှိနေမှာ ဘဲ ဖြစ်ပါတယ်။


တကယ်လို့ နောက်ဆုံး band မှာ ​အရောင်မပါတဲ့  resistor ဆိုရင်တော့ 3 band resistor လို့ခေါ်ပြီး သူ့ရဲ့ tolerance တန်ဖိုးကို 20% လို့မှာ ယူရမှာ ဘဲဖြစ်ပါတယ်။

5 band resistor



5 band resistor ကတော့ ပိုပြီး တိကျချင်တဲ့ နေရာတွေမှာ သုံးပါတယ်။ ပထမဆုံး band သုံးခုကတော့ ပုံထဲမှာ ပြထားတဲ့ အတိုင်းဘဲ Significant value ကိုရည်ညွှန်းတာပါ။ လေးခုမြောက် band ကတော့ multiply factor ဖြစ်ပြီးတော့ ငါးခုမြောက်ကတော့ tolerance ကို ရည်ညွှန်းပါတယ်။ ဒါပေမဲ့ ခြွင်းချက် တစ်ခု​ အနေနဲ့ ကတော့ အပိုဖြစ်တဲ့ လေးခုမြောက် band လေးက တစ်ခါတစ်ရံ failure rate ဒါမှမဟုတ် Temperature coefficient ကိုရည်ညွှန်းချင် ဖြစ်ပါတယ်။

အပေါ်က ပြထားတဲ့ ပုံ အရဆိုရင်တော့ ပထမ band က အညို  ဆိုတော့ တန်ဖိုးက 1 , ဒုတိယ band က အဝါ  ဆိုတော့ တန်ဖိုးက 4, တတိယ band က ခရမ်း  ဆိုတော့ တန်ဖိုးက 7, လေးခုမြောက် multiply က အမဲရောင်ဆိုတော့ x 1 , ငါးခုမြောက် band က အစိမ်းဆိုတော့ tolerance က 0.5%

အဲ့ဒါဆို resistor ရဲ့ resistance တန်ဖိုးက 147 x 1 Ω  0.5 % = 147 Ω  0.5% ဘဲ ဖြစ်ပါတယ်။

6 band resistor